Main menu

မတ်ပဲဈေးနှုန်း ပြန်လည်ကောင်းမွန်လာ

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ဓနုဖြူမြို့နယ် တွင် မတ်ပဲရောင်းဝယ်လုပ်ကိုင်နေသော ပွဲရုံများရှိပြီး ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးထွက်ရျိသော မတ်ပဲများကို  တောင်သူများထံမှ ဝယ်ယူ၍ ရန်ကုန်သို့ တင်ပိုလျှက်ရျိကြောင်း သိရသည်။

    မတ်ပဲဈေးနှုန်းအနေဖြင့် ၁၁-၅-၂၀၂၅ ရက်နေ့ ကာလပေါက်ဈေးနှုန်းမှာ မတ်ပဲ ၁တင်း ၂၀ပိဿာ ၁အိတ်လျှင် ၁၀၀၀၀၀  ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မတ်လအတွင်းက မတ်ပဲတစ်တင်းကို (၉၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး မတ်ပဲဈေးပြန်တက်လာကြောင်း ပဲအမျိးမျိုးရောင်းဝယ်ရေး မှ  ရန်ကုန်သို့ ၁လအတွင်း တင် ၅၀၀-၆၀၀ ခန့်စီတင်ပို့နေရ ကြောင်းနှင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ တို့ကို ရန်ကုန်တင်ပို့နေကြောင်း သိရသည်။  ပွဲရုံလုပ်ငန်းရှင်အား MSMEs လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအကြောင်းကိုလည်း ဆွေးနွေးခဲ့ပြီး ဓနုဖြူမြို့နယ် ဆောင်းသီးနှံ ပဲအမျိူးမျိုး စိုက်ပျိုးရာတွင်   တစ်ဧကလျှင် မတ်ပဲ ပျမ်းမျှ(၁၂-၁၅) တင်းခန့် ထွက်နိုင်ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)