Main menu

ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရောင်းချလျက်ရှိသော ကောက်ရိုးမှိုဈေးနှုန်း

Powered by Drupal

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံ များနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချလျက်ရှိရာ ယခုအခါ တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုများ စိုက်ပျိုးရောင်းချနေကြောင်း သိရသည်။

     ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ် ဘောင်လျှင်(၁၀)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း  ကောက်ရိုးမှို တစ်ပိဿာလျှင် လက်လီဈေး(၁၅၀၀၀)ကျပ် လက်ကားဈေး(၁၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များ ရရှိကာ မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)