Main menu

ဖျာပုံဒေသထွက် ပုစွန်ခြောက် အသေး မအူပင်မြို့နယ်တွင် ရောင်းချနေမှု ဈေးနှုန်း ဈေးကွက်

Powered by Drupal

     မအူပင်မြို့နယ် ဈေးကွက်တွင် ရောင်းချနေသော ပုစွန်ခြောက်များသည်   ဖျာပုံဒေသထွက်ဖြစ်ပြီး  မအူပင်မြို့နယ်တွင် ရောင်းချနေသူများ ရှိကြောင်း သိရသည်။  ပုစွန်ခြောက်သည် ရာသီမရွေးပုံမှန် အရောင်းအဝယ် ဖြစ်သော ကုန်ပစ္စည်းဖြစ်ပါသည်။ မအူပင်မြို့နယ်တွင် ပုစွန်ခြောက်ဝင်ရောက်သည့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းကွာခြား ကြောင်း သိရသည်။

     ၂၀၂၅ခုနှစ် ဧပြီလ ပထမပါတ်တွင် ပုစွန်ခြောက်အကောင်သေး ၃မျိုးကို ရောင်းချနေပြီး သန့်ရှင်းလတ်ဆပ်သာ သဘာဝအချိူခြောက်ကို လာရောက်ရောင်းချကြောင်း သိရသည်။ မအူပင်မြို့နယ်တွင် ပုစွန်ခြောက်ကို နို့ဆီဗူးဖြင့်သာရောင်းချပြီး ပုဇွန်ခြောက်အကောင်သေးမှုန့် နိုဆီ၁ဗူးလျှင် ၁၀၀၀/-၊ အကောင်သန့် နို့ဆီဆစ်ဗူးလျှင်  ၂၀၀၀/-၊ ပုစွန်ခြောက် လုံးခြင်လက်သဲခွံ အကောင် နို့ဆီ၁ဗူးလျှင် ၃၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မေလ ပထမပါတ်က ပုစွန်ခြောက် အကောင်သေးဈေးနှုန်း ၅၀၀ကျပ် ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှသိရပြီး ပုစွန်ခြောက်အကောင်သေးများကို ယခုလိုလများတွင် မအူပင်ဈေးကွက်အတွင်း ဖျာပုံတိုက်ရိုက်အသည်များ လာရောက်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)