Main menu

ပဲလွန်း ဈေးနှုန်းဈေးကွက်

Powered by Drupal

          မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲလွန်းသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၃၃၆၅)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၈.၄၁)တင်းဖြင့် အထွက်တင်းပေါင်း(၂၈၃၁၄)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံခရိုင်တွင် ပဲလွန်း စိုက်ပျိုးမှုအနေဖြင့် မြင်းခြံမြို့နယ်တွင် စိုက်ပျိုးဧက(၂၁၅၅)၊ ရိတ်သိမ်းဧက(၂၁၅၅)ဧက၊ အထွက်နှုန်း(၈.၁၂)တင်း၊ အထွက်တင်း ပေါင်း (၁၇၄၉၉)တင်း၊ တောင်သာမြို့နယ် စိုက်ပျိုးဧက (၄၁၁)၊ ဧကအားလုံးရိတ်သိမ်းပြီး အထွက် နှုန်း(၇.၃၄)တင်း၊ အထွက်တင်းပေါင်း(၃၀၁၇)တင်း၊ နွားထိုးကြီးမြို့နယ်စိုက်ပျိုး ဧက(၇၉၉)၊ ရိတ်သိမ်းဧက(၇၉၉)၊အထွက်နှုန်း(၉.၇၆)တင်းနှင့် အထွက်တင်းပေါင်း(၇၇၉၈) တင်း ထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ပဲလွန်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၈၀၀/၃၀၀၀) ကျပ်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရှိရသည်။

DOCA(မန္တလေး)