Main menu

ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ လိမ္မော်သီးဈေးနှုန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံ များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

 လိမ္မော်သီးအမျိုးအစားများမှာ ပျားသံပုရာ၊ ပျားလိမ္မော်၊ ရွှေလိမ္မော်နှင့် အလုံးကြီးမျိုး စသည် ဖြင့်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ မေလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီး (၂၅)ကျပ်သားလျှင် ၅၃၀၀ကျပ်၊ လိမ္မော်သီး(၁)ပိဿာလျှင် ၂၁၀၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း၊ လိမ္မော်သီးသည် အရည်ရွှမ်းအသီးဖြစ်သည့်အတွက် ကြိုက်နှစ်သက်ကာ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)