Main menu

မြေပဲ ဈေးနှုန်းဈေးကွက်

Powered by Drupal

            မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် မြေပဲသီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၃၇၆၈၆)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ဧကအားလုံးရိတ်သိမ်းနိုင်ခဲ့၍ တစ်ဧကလျှင်ပျမ်းမျှ အထွက် နှုန်း(၅၀.၈၂)တင်းဖြင့် အထွက်တင်း ပေါင်း(၁၉၁၅၃၇၀)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြို့နယ်အလိုက်စိုက်ပျိုးမှု၊ ရိတ်သိမ်းမှုနှင့် အထွက်နှုန်းများအနေဖြင့် မြင်းခြံမြို့နယ်တွင်စိုက်ဧက(၉၂၀၀)၊ ရိတ်သိမ်းဧက(၉၂၀၀)နှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၅၅.၄၅)တင်းဖြင့် အထွက်တင်းပေါင်း(၅၁၀၁၂၃)တင်း၊ တောင်သာမြို့နယ်တွင် စိုက်ဧက(၉၂၈၉)၊ ရိတ်သိမ်းဧက(၉၂၈၉)ဖြစ်ပြီး တစ်ဧကပျမ်းမျှ အထွက်နှုန်းမှာ(၅၄.၅၀)နှင့်အထွက်တင်းပေါင်း (၅၀၆၂၅၁)တင်း၊ နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၁၉၁၉၇)၊ ရိတ်သိမ်းဧက(၁၉၁၉၇)ဖြစ်ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်းမှာ (၄၆.၈၃) တင်း ၊အထွက်တင်းပေါင်း( ၈၉၈၉၉၆)တင်းထွက်ရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် မြေပဲဈေးနှုန်းမှာ တစ်ပိဿာလျှင် (၉၃၀၀-၉၄၀၀) ကျပ်များ ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)