Main menu

ကျွန်းလှမြို့ သစ်သီးဈေးကွက်ရှိ စပျစ်သီးဈေးနှုန်းနှင့် ဖရဲသီးဈေးနှုန်းများ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် စပျစ်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ စပျစ်သီးနှင့် ဖရဲသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

     စပျစ်သီးအမျိုးအစားများမှာ အလုံးသီးနှင့် အချွန်းသီး နှစ်မျိုးရှိကြောင်း၊ ၂၀၂၅ ခုနှစ် ၊ မေလ ဒုတိယပတ်အတွင်း ကျွန်းလှမြို့ရှိ သစ်သီးဆိုင်များတွင် စပျစ်သီးအလုံး(၁)ပိဿာလျှင် ၁၅၀၀၀ကျပ်၊ (၂၅)ကျပ်သားလျှင် ၄၀၀၀ကျပ်၊ စပျစ်သီးအချွန်း(၁)ပိဿာလျှင် ၁၅၅၀၀ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အပြင် ရွှေရင်အေးဆိုင်များမှ ဝယ်ယူကြသည့်အတွက် စပျစ်သီးများ အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း သိရှိရပြီး  အလားတူ ပင် ၂၀၂၅ ခုနှစ် ၊ မေလ ဒုတိယပတ်အတွင်း ဖရဲသီးဈေးနှုန်းများမှာ အလုံးအကြီး အသေး ပေါ်မူ တည်၍ ဖရဲသီးအလုံးကြီး (၁) လုံးလျှင် ၅၀၀၀ကျပ်၊ ဖရဲသီးအလတ်(၁)လုံးလျှင် ၄၀၀၀ ကျပ် ရောင်းချ လျက်ရှိကြောင်း၊ ဖရဲသီးသည် အရည်ရွှမ်းအသီးတစ်မျိုးဖြစ်သည့်အတွက် နွေရာသီနှင့် လိုက်ဖက်ပြီး လူကြိုက်များကာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရ ပါသည်။

DOCA (စစ်ကိုင်း)