Main menu

နှမ်းညိုဈေးနှုန်းဈေးကွက်

Powered by Drupal

           မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် နှမ်းညိုဆီထွက်သီးနှံကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၁၉၈၁၅)ဧက၊ ရိတ်သိမ်းဧက (၁၉၈၁၅)ဧက၊ အထွက်နှုန်း(၆.၅၀) တင်း၊ အထွက်တင်းပေါင်း(၁၂၈၈၀၉)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၄၀၁၅)ဧက၊ ရိတ်သိမ်းဧက (၄၀၁၅)ဧက၊ အထွက်နှုန်း(၈.၀၀)တင်း၊ အထွက်တင်းပေါင်း(၃၂၁၂၀)တင်း၊တောင်သာမြို့နယ်တွင် စိုက်ဧက (၅၉၇၂)ဧက၊ ရိတ်သိမ်းဧက(၅၉၇၂)ဧက၊အထွက်နှုန်း(၄.၇၂)တင်း၊ အထွက်တင်းပေါင်း (၂၈၁၈၈)တင်းနှင့် နွားထိုးကြီးမြို့နယ်တွင် စိုက်ဧက(၉၈၂၈)ဧက၊ ရိတ်သိမ်းဧက(၉၈၂၈) ဧက၊အထွက်နှုန်း (၆.၉၇) တင်း၊ အထွက်တင်းပေါင်း( ၆၈၅၀၁)တင်း ထွက်ရှိကြောင်း သိရှိရ ပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် နှမ်းညိုဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၃၀၀/၆၅၀၀) ကျပ်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)