Main menu

ညောင်တုန်းမြို့နယ်တွင် စိုက်ပျိုးနေသော ဗူးပင် မှ စိုက်ပျိုးသူ အကျိုးအမြတ်ရရှိမှု အခြေအနေ

Powered by Drupal

   

      ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ဗူးပင်စိုက်ပျိုးထားကြောင်း သိရှိရ၍ ဗူး ၁ဧက စိုက်ပျိုးမှုနှင့် ထွက်ရှိမှု ဈေးကွက်ဈေးနှုန်း အခြေအနေများကို ကွင်းဆင်းလေ့လာခဲ့သည်။ ညောင်တုန်း သောင်းတန်း ကျေးရွာတွင် တောင်သူ ဦးမြင်ဦးမှ ဗူး၁ဧက စိုက်ပျိုးထားကြောင်း သိရသည်။

     စိုက်ပျိုးမှုအနေဖြင့် ဗမာမျိုးဗူးကိုသာစိုက်ပျိုးပြီး နှစ်စဉ် ဗူးမျိုးစေ့ခံပြီး စိုက်ပျိုးကြောင်းနှင့် ဗူးမျိုးစေ့များကိုလည်း ပြန်လည်ရောင်းချကြောင်း သိရသည်။ ယခင်က ဗူးမျိုးစေ့ ၁၀စေ့ပါ တစ်ထုတ်ကို ၁၀၀၀၀ကျပ် ဝယ်ယူပြီးစိုက်ပျိုးကြောင်း၊ ဗူးစေ့ ၁စေ့ကို ၃၀၀-၅၀၀ ကျပ်ထိဈေးရရှိသည်။  စိုက်ပျိုးရာတွင် မြေချစိုက်နည်းဖြင့်သာ စိုက်ပျိုးကြသည်။  ဗူးသက်တမ်းမှာ အောက်တိုဘာလတွင် စိုက်ပျိုးပါက ဧပြီလအထိထွက်ရှိကြောင်း၊ ၁ဧက စိုက်ပျိုးရာတွင် အပင်ရေ ၆၀၀ခန့် စိုက်ပျိုးပြီး  ၃လခွဲ အကြာတွင် အသီး စတင်ခူးရကြောင်း ဗူး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ၊  အပါအဝင် ငွေကျပ် ၃ ၀၀၀ ၀၀၀/-ခန့် ကုန်ကျကြောင်း၊ ၁လကို ၁၂ရက်ခူးရပြီး ၁ကြိမ်ခူးလျှင် ၁၂၀လုံးခန့်ထွက်ရှိသည်။ ၅လအကြာအထိ အသီးလှိုင်လှိုင်ထွက်ရှိသောကြောင့်  ဗူးသီးထွက်ရှိမှု  အလုံး ၅၀၀၀ ထိ ထွက်ရှိကြောင်းသိရသည်။

    ယခု ဗူးသီးဈေးနှုန်းအနေဖြင့် အလုံးကြီး(၁)လုံးလျှင် (၃၀၀၀)ကျပ်ဖြင့် လက်ကားဈေး ရောင်းချရ ပြီး  ရန်ကုန်တင်ပို့မည်ဆိုပါက ဗူးသီးတစ်လုံး ၂၅၀၀ ကျပ်ဖြင့် တင်ပို့ရောင်းချရသည်။   ၁ဧက၏ အကျိုးအမြတ်အနေဖြင့် ယခုနှစ်တွင် ငွေ ၉ ၅၀၀ ၀၀၀/-ကျပ် အကျိုးအမြတ်ရရှိ၍ ဗူးပင်စိုက်သူများ စီးပွာဖြစ်အဆင်ပြေ လျက်ရှိ ကြောင်း၊   ဈေးကွက်တင်ပို့မှုအနေဖြင့် ရန်ကုန်သို့ အဓိကထားတင်ပို့ပြီး မအူပင်၊ ဓနုဖြူ၊ ဟင်္သတ၊ လေးမျက်နှာ၊ မြောင်းမြ၊ ကျိတ်လတ်၊ မော်ကျွန်း၊ ဖျာပုံ၊ ပန်းတနော် မြို့များသို့လဲ တင်ပို့ရောင်းချရပြီး ဗူးပင်အကျိုးအမြတ်ရရှိ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)