Main menu

ကြက်ဆူစေ့ဈေးနှုန်းဈေးကွက်

Powered by Drupal

             မြင်းခြံခရိုင်၏  ၂၀၂၄-၂၀၂၅ ခုနှစ် ကြက်ဆူစေ့ကို ခရိုင်ချုပ်အနေဖြင့် စိုက်ဧက (၁၃၅)ဧက၊ ရိတ်သိမ်းဧက (၁၀၅)ဧက၊ အထွက်နှုန်း(၁.၂၈) တင်း၊ အထွက်တင်း ပေါင်း(၁၃၄)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရသည်။ မြင်းခြံမြို့နယ်တွင် စိုက်ဧက(၂၆)ဧက၊ ရိတ်သိမ်းဧက (၂၆)ဧက၊အထွက်နှုန်း( ၀.၆၂) တင်း၊ အထွက်တင်းပေါင်း(၁၆)တင်း၊တောင်သာမြို့နယ်တွင် စိုက်ဧက (၇၉)ဧက၊ ရိတ်သိမ်းဧက (၇၉)ဧက၊ အထွက်နှုန်း(၁.၄၉)တင်း၊ အထွက်တင်းပေါင်း(၁၁၈) တင်းနှင့်နွားထိုးကြီးမြို့ နယ်တွင် စိုက်ဧက(၃၀)ဧက၊ ရိတ်သိမ်းဧကမရှိကြောင်း သိရှိရပါသည်။ ဈေးနှုန်းအနေဖြင့် မေလဒုတိယပတ်တွင် ကြက်ဆူစေ့ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၄၈၀၀/၄၉၀၀) ကျပ်ရှိ ကြောင်းသိရှိရသည်။

DOCAမန္တလေး)