
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သည့် အလျှောက်သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျှက်ရှိပါသည်။စပါး၊ပဲ၊ပြောင်းသီးနှံများအပြင် မိသားစုဝင်ငွေ တိုးပြီးစီးပွားလည်းဖြစ်သော သင်္ဘောပင်ကိုလည်း တောင်သူဦးကြီးများမ တိုးချဲ့စိုက်ပျိုးလာကြပါ သည်။ ကျောက်ဆည်မြို့နယ်တွင် သင်္ဘောပင်ကို အများဆုံးစိုက်ပျိုးသော ရွာများမှာ မင်းစုရွာ၊ အင်ရောင်းရွာ၊ရဲကြီးရွာနှင့်တောင်တော်ရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သင်္ဘောမျိုးအနေ ဖြင့်ပင်ပုမျိုး၊ထိုင်ဝမ် သင်္ဘောများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ သင်္ဘောမျိုးစေ့ကိုပျိုးထောင်၍ ပျိုးသက်တစ်လခွဲတွင် ရွှေ့ပြောင်းစိုက်ပျိုးရကြောင်း၊(၁)ဧက စိုက်ပျိုးမှုအပင်ပေါင်း လေးကွက်ကြား စိုက်ပျိုးလျှင် အပင်(၅၀၀-၆၀၀)အထိ စိုက်ပျိုးရကြောင်း၊အကွာအဝေးပေါ်မူတည်၍ အပင်အရေ အတွက်ကွားခြားနိုင်ကြောင်း၊ သင်္ဘောစိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၇၀၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ သင်္ဘောစိုက်ပျိုးပြီး(၇-၈)လ တွင်အသီးများစတင်ခူးဆွတ်နိုင်ပြီဖြစ်ကြောင်း ၊ သင်္ဘောသက်တမ်း(၃)နှစ်အထိ အသီးများခူးဆွတ် ရောင်းချနိုင်ကြောင်း၊ သင်္ဘောတစ်ပင်လျှင်အသီးပေါင်း(၂၅-၃၀)လုံးခန့်သီးနိုင်ကြောင်း၊ (၁)ဧကလျှင် သင်္ဘောအသီးပေါင်း ရောင်းတန်းဝင်(၁၂၅၀၀)လုံးခန့်ရှိနိုင်ကြောင်း၊ သင်္ဘောသီးစျေးနှုန်းအနေဖြင့် အမှည့်အလုံးအကြီးတစ်လုံးလျှင်(၁၅၀၀-၂၀၀၀)ကျပ် ၊ အလတ်တစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ် စျေးရှိပြီး သင်္ဘောသီးအစိမ်းတစ်လုံးလျှင်(၃၀၀-၅၀၀)ကျပ်အထိစျေးရရှိကြောင်း၊ စျေးကွက်အနေ ဖြင့်သစ်သီးဒိုင်များဖြစ်သော ဟံမြင့်မိုရ်၊ကျောက်ဆည်နှင့်မန္တလေးမြို့များသို့ တင်ပို့ရောင်းချလျှက်ရှိ ပြီး စိုက်ခင်းထဲအရောက် လာရောက်ဝယ်ယူမှုများလည်းရှိကြောင်း ၊ သရက်သီးပေါ်ချိန်ဖြစ်သဖြင့် အရောင်းနွေးသော်လည်းစျေးနှုန်းကျဆင်းခြင်းမရှိကြောင်း၊သင်္ဘောစိုက်ပျိုးမှုတွင် ငွေတစ်လုံးတစ်ခဲ တည်းမရရှိသော်လည်း အပတ်စဉ်ဝင်ငွေများရရှိသဖြင့် တောင်သူများ အကျိုးအမြတ်ဖြစ်ထွန်း ကြောင်း သင်္ဘောစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)