Main menu

“သရက်သီးများလှိုင်လှိုင်ထွက်ပေါ်လျက်ရှိ”

Powered by Drupal

         မန္တလေးတိုင်းဒေသကြီး ၊  ကျောက်ဆည်ခရိုင်သည် ရာသီပေါ် သီးနှံများစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများဖြစ်သော မာလကာပင်၊ဂွေးပင်၊ သံပုရာပင်နှင့်သရက်ပင်များလည်း စိုက်ပျိုးလျှက်ရှိ ပါသည်။နှစ်ရှည်သရက်ပင်များကိုကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်များတွင်အများဆုံးစိုက်ပျိုး ကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ စိန်တစ်လုံးသရက်မျိုးများကို အများဆုံးစိုက်ပျိုးကြပါသည် ။ အခြားစိုက်ပျိုးသောမျိုးများမှာ မစောရင်၊ ရင်ကွဲ၊ ပတ္တမြားငမောက်မျိုးများကိုလည်း စိုက်ပျိုးကြပါ သည်။ ယခုအချိန်သည် သရက်သီးများ ဖြိုင်ဖြိုင်ပေါ်သောကာလဖြစ်သောကြောင့် ကျောက်ဆည်-ဟံမြင့်မိုရ် ကားလမ်းဘေးတစ်လျှောက် သစ်သီးဆိုင်များတွင် သရက်သီးများကိုအများဆုံးတွေ့ရ မည်ဖြစ်ပြီး သရက်သီးစျေးနှုန်းအနေဖြင့် စိန်တစ်လုံးသရက် အကြီးတစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ် စျေးရှိပြီး အလတ်တစ်လုံးလျှင်(၄၀၀-၅၀၀)ကျပ် စျေးနှုန်းများရှိကြောင်း၊ အိတ်စွပ်သရက်သီးအလုံး အကြီးတစ်လုံးလျှင်(၁၀၀၀-၁၂၀၀)ကျပ် ၊ အလတ်တစ်လုံးလျှင်(၈၀၀-၁၀၀၀)ကျပ်အထိ စျေးရှိ ကြောင်း ၊ သရက်သီးရောင်းချသူ ၊ ခူးဆွတ်သူများအနေဖြင့် ရင့်မှည့်အကြောတင်း အသီးများကိုသာ ခူးဆွတ် ရောင်းချရန်လိုအပ်ကြောင်း သို့မှသာ သရက်သီးအရသာမှာ မွှေး၍ ချိုနေမှာဖြစ်ကြောင်း ၊ ကားလမ်းဘေးရောင်းချသည့်အတွက် အနယ်နယ်အရပ်ရပ်မှ ခရီးသွားကားများရပ်၍ အိမ်အပြန် လက်ဆောင်အဖြစ်ဝယ်ယူလျှက်ရှိကြောင်း၊ကျောက်ဆည်ဒေသထွက် သရက်သီးများကို လူကြိုက် များသောကြောင့်အရောင်းသွက်လျှက်ရှိကြောင်း သရက်သီးရောင်းချသူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)