Main menu

တနင်္သာရီတိုင်းဒေသကြီး ပုဇွန်ခြောက်စျေးအတက်/အကျ

Powered by Drupal

             မြန်မာဟင်းလျာများချက်ရာတွင် အသုံးတည့်လှသောအိမ်ရှင်မများအကြိုက် ပုဇွန်ခြောက်များကို ထားဝယ်၊မြိတ်၊ပုလောမြို့တို့တွင် အများအပြားထွက်ရှိပါသည်။ ပုဇွန်ခြောက်ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်း(၂)မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ နေပူလှန်းအခြောက်ခံပြီး  ဒုတိယတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ ပုဇွန်ကင်သည့်စင်(ဖို)ပေါ်တင်ပြီး မီးအပူငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရပါသည်။

              နွေဦးကာလဆိုလျှင်ပုဇွန်ခြောက်စျေးနှုန်းက ပုံမှန်စျေးပေး၍ဝယ်ယူရပြီး မိုးတွင်းကာလ ဆိုလျှင် ပုဇွန်လှန်းရန် ခက်ခဲသောကြောင့် စျေးပိုပေး၍ ဝယ်ယူရကြောင်းစုံစမ်း သိရှိရပါသည်။ လတ်တလော ထားဝယ်မြို့တွင်ဖြစ်ပေါ်နေသော စျေးနှုန်းမှာ ရေချို(ရှယ်) တစ်ပိဿာလျှင် ၄၂၀၀၀ ကျပ်၊ ရေချို(အလတ်စား) တစ်ပိဿာလျှင် ၃၇၀၀၀ကျပ်၊ ရိုးရိုးပုံမှန် တစ်ပိဿာလျှင် (၃၃ဝဝဝ-၃၂ဝဝဝ)နှုန်းရှိ၍ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)