
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်တွင် ကြက်မွေးမြူရေးခြံများရှိသော်လည်း စားသုံးမှု့မြင့်မားသည့်အတွက် ဈေးကွက်လိုအပ်ချက်အရ လိုအပ်သောကြက်ဥ၊ ဘဲဥများကို တောင်ကြီး၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့များမှ မှာယူရောင်းချကြောင်း သိရသည်။ မြင်းခြံမြို့ပေါ်ရှိ ကြက်ဥအရောင်းတစ်ဆိုင်သို့ မေးမြန်းကြည့်ရာတွင် ယခင်က ပြင်ဦးလွင်မှ မှာယူရောင်းချပါကြောင်း၊ ယခုအခါမန္တလေးမှ မှာယူရောင်းချလျက်ရှိရာ တစ်ရက်ကို လက်လီ/လက်ကားအလုံးရေ(၄၅၀၀) ရောင်းချရကြောင်းနှင့် ကြက်ဥတစ်ပိဿာလျှင် ငွေကျပ်(၁၂၃၀၀)ကျပ်/(၁၂၅၀၀)ကျပ်ရောင်းချပြီး ကြက်ဥတစ်လုံးလျှင်(၄၅၀)ကျပ်မှ (၅၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၆၅၀/၇၀၀)ကျပ်ဈေးရောင်းချရပြီး ဟင်းလျာအတွက်ဆိုလျှင် ကြက်ဥပြုတ်၊ ကြက်ဥကြော်၊ ကြက်ဥကြော်ချက်၊ ကြက်ဥပေါင်းချက်နှင့် ကြက်ဥမွှေချက် စသဖြင့်လွယ်ကူစွာချက်ပြုတ်စားသောက်နိုင်သောကြောင့် အိမ်ရှင်မများအတွက် လွယ်ကူရိုးရှင်းသော ဟင်းလျာတစ်ခုအဖြစ် ကြက်ဥ၊ ဘဲဥကို မကြာမကြာချက်၍ စားသုံးဖြစ်ကြောင်း သိရသည်။
DOCA(မန္တလေး)