Main menu

ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ် သခွပ်ပွင့်ခြောက်များ စတင်ရောင်းချ

Powered by Drupal

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရာသီပေါ်သီးနှံများဖြစ်သည့် ရာသီစာ သခွပ်ပွင့်ခြောက် များကို ရွှေဘိုမြို့နယ်တို့မှ လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

   ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသည့်  သခွပ်ပွင့်ခြောက် ဈေးနှုန်းများမှာ သခွပ်ပွင့်ခြောက် တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သား လျှင်(၁၀၀၀၀)ကျပ်နှင့် လက်တွင်းတစ်ဆုပ်စာ(၁)ပုံလျှင်(၁၀၀၀)ကျပ် တို့ဖြင့်ရောင်းချလျက်ရှိပြီး သခွပ်ပွင့်သည် လူကြိုက်များပြီး ဆေးဘက်ဝင်သောအပွင့်တစ်မျိုးဖြစ်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)