Main menu

“နေကြာ(ဆောင်း)ရိတ်သိမ်းပြီးစီးမှုနှင့်စျေးနှုန်းအခြေအနေ”

Powered by Drupal

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ နေကြာသီးနှံကိုလည်း တောင်သူများ သီးထပ်သီးညှပ်စိုက်ပျိုးသည့်အပြင် သီးသန့်လည်းစိုက်ပျိုးကြ ပါသည်။ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် နေကြာ(ဆောင်း)ကို ကျောက်ဆည်မြို့နယ်တွင်(၁၀၂၇၄)ဧက နိုင်ခဲ့ပြီး  ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏စာရင်းများ အရသိရှိရပါသည်။ နေကြာ(ဆောင်း)စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၃၀၀၀၀၀)ကျပ် ကုန်ကြကြောင်း ၊ ယခုအချိန်တွင် နေကြာ(ဆောင်း) များအားလုံးရိတ်သိမ်းပြီးဖြစ်ကြောင်း၊(၁)ဧကအထွက်နှုန်းအနေဖြင့်(၁၅-၂၀)တင်းခန့်ထွက်ရှိကြောင်း၊ နေကြာစျေးနှုန်းများအနေဖြင့် ယခင်နှစ် နေကြာတစ်တင်းလျှင်(၃၈၀၀၀)ကျပ်၊နေကြာဆီတစ်ပိဿာ လျှင်(၁၁၀၀၀)ကျပ်ရှိပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၅၇၀၀၀)ကျပ် ၊ နေကြာဆီတစ်ပိဿာ လျှင်(၁၉၀၀၀)ကျပ် စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း ၊ တောင်သူများမှ နေကြာများကို မြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက်‌ရောင်းချကြကြောင်း ၊ ပွဲရုံများမှတဆင့် မန္တလေး ၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့်(၅၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်မြတ်ကြောင်း၊ နေကြာသီးနှံသည် သက်တမ်းတိုမျိုးဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ မိသားစုအတွက်လည်း စားသုံးဆီဖူလုံမှုရရှိသဖြင့် တောင်သူများ သီးထပ်သီးညှပ်အပြင် နေကြာသီးသန့် အနေဖြင့်ပါ အများအပြား စိုက်ပျိုးသင့်သော စီးပွားရေးတွက်ခြေကိုက်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်းရေးသား တင်ပြအပ် ပါသည်။

DOCA(မန္တလေး)