Main menu

မတ်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်ရှိသည့်မတ်ပဲသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့ သည့်စျေးကွက်ဝင်ပဲတစ်မျိုးဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲ သီးနှံစိုက်ပျိုးမှု (၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက်နှုန်း(၁၂.၆၅)တင်း နှင့် အထွက်(၁၃၂၇၀၉)တင်း ဖြစ်ကြောင်းသိရပါတယ်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များ မဟာ ကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်မေလဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော ပေါက်စျေး မှာ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၈၆၀၀၀၀ ကျပ်နှင့် ၂၈၇၀၀၀၀ ကျပ်၊ တစ် ပိဿာစျေးမှာ ၄၇၆၇ ကျပ်နှင့် ၄၇၈၃ ကျပ်ဖြစ်ပြီး  ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ(ကျောက်စရစ်) ၄၇၅၀ကျပ်နှင့် ၄၈၃၃ကျပ်တို့ဖြစ်ကြောင်းသိရပါတယ်။ ယခုနှစ်စျေး နှင့် ယခင်နှစ်စျေးနှိုင်းယှဉ်ပါက မတ်ပဲတစ်ပိဿာလျှင် ၅၀ ကျပ်ခန့်လျော့နည်းသွားကြောင်း သိရ ပါတယ်။မတ်ပဲဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေးအနည်းငယ်ပြောင်းလဲမှု ရှိကြောင်း သိရပါတယ်။

DOCA(မန္တလေး)