Main menu

အာဖဂန်နစ္စတန်သည် လွန်ခဲ့သည့်နှစ်တွင် ဒေါ်လာ ၁၅ သန်းကျော်တန်ဖိုးရှိ ကော်ဇောများကို တင်ပို့ခဲ့

Powered by Drupal

   အာဖဂန်နစ္စတန်နိုင်ငံသည် လွန်ခဲ့သည့်နှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် တန်ဖိုးရှိ ကော်ဇောများကို တင်ပို့ခဲ့ကြောင်း စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Akhundzada Abdul Salam Jawad က ပြောကြားခဲ့သည်။

ပါကစ္စတန်၊ အီရန်၊ အိန္ဒိယ၊ ဂျာမနီ၊ ကနေဒါ၊ ဟော်လန်၊ ဆော်ဒီအာရေးဗီးယားနှင့် အခြားနိုင်ငံများသို့ တင်ပို့ခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံလုပ် ကော်ဇောများကို အဓိက တင်ပို့ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

လက်ယက်လုပ်သည့် အာဖဂန်ကော်ဇောသည် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားနေပြီး အဓိက ရိုးရာလုပ်ငန်းတစ်ခုအနေဖြင့် ကော်ဇောယက်ခြင်းအနုပညာသည် စစ်ဒဏ်ခံခဲ့ရသော အာဖဂန်နစ္စတန်ရှိ အမျိုးသမီးအများစုမှပြုလုပ်ခြင်းဖြစ်ပြီး လူ ၁.၂ သန်းကျော်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)