Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ဖြစ်ပေါ်နေသော လဲလူရွက်ဈေးနှုန်း

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၌ ၂၀၂၅ခုနှစ်၊ ဧပြီလဆန်းပိုင်းမှ စ၍ ရာသီစာလဲလူရွက်များ ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရသည်။ လဲလူပင်ကို အညာဒေသများတွင် တွေ့ရပြီး အိမ်ခြံဝိုင်းများအတွင်း သီးသန့်စိုက်ပျိုးကြသလို တော၊ တောင်ယာမြေများ တွင်လည်း  အလေ့ကျပေါက်လေ့ရှိသော အပင်တစ်မျိုးဖြစ်ပါသည်။ ရာသီပေါ်သည့်အချိန်တွင် တစ်နိုင်တစ်ပိုင် ခူးဆွတ်၍ ဇေယျာသီရိဈေးအတွင်း၌ ရောင်းချကြောင်း သိရသည်။ အသည်းအူလဲလူဆိုသည့် စကားနှင့်အညီ လူခန္ဓာကိုယ်အတွက် ဆေးဖက်ဝင်သောကြောင့် လဲလူရွက်ကို ငပိချက်ပုံစံချက် စား၍သော်လည်းကောင်း၊ ကြက်ဥနှင့်ကြော်စား၍သော်လည်းကောင်း၊ ဟင်းချိုပုံစံချက်သောက်၍ သော်လည်းကောင်း ချက်စားကြပါသည်။

     ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် လဲလူရွက် လက်တစ်ဆုပ်စာ(၁)ပုံလျှင် ကျပ်(၅၀၀)ဖြင့် ရောင်းချလျက်ရှိပြီး စတင်ထွက်ပေါ်စအချိန် ဧပြီလ(ပထမပတ်)တွင် (၁)ပုံလျှင်  ကျပ်(၃၀၀-၄၀၀) ဖြင့် ရောင်းချ၍ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၀၀-၂၀၀)ဈေးနှုန်း မြင့်တက်လာ ကြောင်း သိရသည်။ ယခုအချိန်တွင် လဲလူရွက်အထွက်နှုန်းလျော့နည်းလာသည့်အတွက် ဈေးနှုန်း မြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)