Main menu

ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal

     ကယားပြည်နယ်၊ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးသည် ဈေးရောင်းသူဝယ်သူများနှင့် စည်ကားလျက်ရှိပါသည်။ မေလ ဒုတိယပတ် ဈေးကွက်အတွင်း၌  ခရမ်းချဉ်သီးများ လှိုင်လှိုင် ဝင်ရောက်လျက်ရှိပြီး ခေါင်းစိမ်းသီးနှင့် အင်းသီး(၂)မျိုး ဝင်ရောက်လျက်ရှိကြောင်း ခေါင်းစိမ်းသီး သည် အနည်းငယ်သာရှိပြီး အင်းသီးကတော့ အများအပြားဝင်ရောက်လျက်ရှိကြောင်း ဈေးကွက် တွင်တွေ့ရှိရပါသည်။ ယခင် ဧပြီလတွင် ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းမှာလည်း တစ်ပိဿာလျှင် ကျပ် (၂၀၀၀)ဖြင့် ‌ရောင်းဝယ်လျက်ရှိပါသည်။ လွိုင်ကော်မှ တောင်ကြီးနေ့စဉ် လိုင်းကားများအဝင်/ အထွက်ရှိ၍ ကုန်ပစ္စည်းမှာနေ့စဉ်ဝင်ရောက်လျက်ရှိပြီး ပစ္စည်းလက်ကျန် နည်းပါးခြင်းမရှိဘဲ  ၁ ပိဿာ လျှင် ကျပ်(၁၀၀၀/ ၁၅၀၀) ခန့်ရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေ ဖြင့် အနည်းငယ်ကျလျက်ရှိကြောင်း သိရပါသည်။

DOCA(ကယား)