Main menu

ပခုက္ကူမြို့၌ အရောင်းအဝယ်ဖြစ်နေသော အစေ့ထုတ်ပြောင်း(CP)ဈေးကွက်

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်သည် စိုက်ပျိုးရေးကို အခြေပြုပြီး ဒေသစီးပွားဖြစ် လုပ်ကိုင်လျက်ရှိရာ နှစ်စဉ်သီးနှံမျိုးစုံစိုက်ပျိုးရာမှ အစေ့ထုတ်ပြောင်း(CP)သီးနှံကိုလည်း ဒေသ စီးပွားဖြစ် စိုက်ပျိုးလျက်ရှိသည်။ ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ပေါက်၊ ရေစကြိုမြို့များတွင် စိုက်ဧက အများဆုံးစိုက်ပျိုးပြီး နှစ်စဉ်စိုက်ဧက(၁၅၀၀၀)ခန့် စိုက်ပျိုးကြောင်း သိရှိရသည်။

    အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းမွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းတိရိစ္ဆာန် အစား အစာအဖြစ်အသုံးပြုပြီး အပင်များကိုလည်း ကျွဲနွားများအတွက် အစာအဖြစ် အသုံးဝင်သည့်အပြင် ပြည်ပပို့ကုန်အဖြစ် ထိုင်း၊ တရုတ်နိုင်ငံများသို့လည်း နှစ်စဉ်တင်ပို့နိုင်၍ ပြည်တွင်းဈေးကွက် ခိုင်မာပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ပခုက္ကူဈေးကွက်၌လည်း နေ့စဉ် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်)တွင် အစေ့ထုတ်ပြောင်း(CP) ဝင်ရောက်မှု အနေဖြင့် နေ့စဉ် တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၁၀၀-၁၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ ယခုအချိန်တွင် သီးနှံပေါ်ချိန်မဟုတ်၍ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းပြီး ဈေးအေး၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

     ဈေးနှုန်းအနေဖြင့် မေလ(ဒုတိယပတ်)တွင် အစေ့ထုတ်ပြောင်း(CP) တစ်တင်းလျှင် ကျပ် (၂၆၀၀၀-၂၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ သီးနှံပေါ်စ ဖေဖော်ဝါရီလမှစ၍ ယနေထိ ဈေးအတက်အကျနည်းပြီး ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ အစေ့ထုတ်ပြောင်း(CP)ကို ပြည်တွင်းသုံးစွဲမှု နည်းသော်လည်း ပြည်ပပို့ကုန်အဖြစ် အများဆုံးတင်ပို့ပြီး ထိုင်း၊ တရုတ်နိုင်ငံမှ တိရိစ္ဆာန် အစားအစာကုန်ကြမ်းအဖြစ် ပြည်ပနိုင်ငံများမှ ဝယ်ယူလျက်ရှိကြောင်း သိရှိရသည်။

   ပြည်ပပို့ကုန်သီးနှံတစ်မျိုးဖြစ်သည့် အစေ့ထုတ်ပြောင်း(CP)သည် ပြည်တွင်းသုံးစွဲမှုနည်း သော်လည်း ပြည်ပ ပို့ကုန်သီးနှံတစ်မျိုးဖြစ်၍ ဈေးကွက်ခိုင်မာခြင်းကြောင့် စိုက်တောင်သူများမှ အကျိုးအမြတ်ရရှိ၍ နှစ်စဉ်မပြတ် ဒေသစီးပွားဖြစ် စိုက်ပျိုးကြောင်း သိရှိရသည်။

DOCA(မကွေး)