
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ ပဲမျိုး စုံဖြစ်သော ပဲစဉ်းငုံနီ၊ ကုလားပဲအမျိုးမျိုး၊ ပဲလွန်းပြာ၊ ပဲနီပြား၊ ပဲတီစိမ်းများအပြင် ပဲယင်းနီ ကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ယခုတစ်ပတ်တွင် ပခုက္ကူကုန်စည်ဒိုင်သို့ ပဲယင်းနီ(ကျွန်း)နှင့် ပဲယင်း(မြစ်ခြေ)များ ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။ ပဲယင်းနီသီးနှံကို ပခုက္ကူမြို့တွင် စိုက်ပျိုးဧက (၈၀၀)ရှိပြီး တစ်ဧကအထွက်နှုန်းမှာ (၂၅-၃၀)ထွက်ရှိပြီး တစ်ဧ စိုက်ပျိုးကုန်ကျ စရိတ်မှာ ကျပ်(၅) သိန်း ခန့်ကုန်ကျကြောင်း သိရှိရပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ဂန့်ဂေါခရိုင်မှ ထွက်ရှိသော ပဲယင်းနီ များလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်နေပါသည်။
ပခုက္ကူကုန်စည်ဒိုင်၌ ပဲယင်းနီဈေးနှုန်းဈေးကွက်အနေဖြင့် ၂၀၂၅ခုနှစ်၊ မတ်လ(စတုတ္ထပတ်) တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ဈေးနှုန်းမှာ ပဲယင်းနီ(ကျွန်း) တစ်တင်းလျှင်ကျပ် (၇၅၄၀၀)၊ ပဲယင်း(မြစ်ခြေ) တစ်တင်းလျှင်ကျပ် (၆၀၀၀၀)ဖြစ်ပြီး ဧပြီလ(ပထမပတ်)တွင် ပဲယင်းနီ(ကျွန်း) တစ်တင်းလျှင်ကျပ် (၇၈၅၀၀)၊ ပဲယင်း(မြစ်ခြေ) တစ်တင်းလျှင်ကျပ် (၆၃၀၀၀)ဖြစ်၍ မတ်လ (စတုတ္ထပတ်)နှင့် ဧပြီလ (ဒုတိယပတ်)နှင့် နှိုင်းယှဉ်လျှင်ကျပ် (၃၀၀၀)ခန့် ဈေးတက်နေကြောင်း၊ အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာတစ်နေ့လျှင် အိတ်ရေ (၁၀၀မှ၅၀၀)ထိဖြစ်ပြီး တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း အိတ်ရေ(၂၅၀၀)ကျော် ရန်ကုန်သို့အဓိကတင်ပို့နေကြောင်း ကုန်းလမ်း ပို့ဆောင်ရေးနှင့် ကုန်စည်ဒိုင်မှ သိရှိရပါသည်။
DOCA (မကွေး)