Main menu

ပခုက္ကူမြို့၊ ဧပြီလ(ပထမပတ်)တွင် ဖြစ်ပေါ်နေသော ထောပတ်ပဲဖြူ ဈေးနှုန်းဈေးကွက်

Powered by Drupal

          မကွေးတိုင်းဒေသကြီ၊ ပခုက္ကူခရိုင်အတွင်းထောပတ်ပဲ စိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူ ကျွန်း၊  ရေစကြိုကျွန်းနယ်များ၊ မြင်းကျွန်း၊ လေးလံကျွန်းနှင့် ဂန့်ဂေါခရိုင်အတွင်းရှိ ထီးလင်း၊ ဆော၊ ကျောက်ထု၊ မောက်၊ ကျွဲနန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး ဖေဖေါ်ဝါရီလ  (စတုတ္ထ)ပတ် မှစ၍ ထောပတ်ပဲများ စတင်ရိတ်သိမ်းကြပါသည်။ ပခုက္ကူကုန်စည်ဒိုင်သို့ ထောပတ်ပဲဖြူများ အခြား မြို့နယ်များမှလည်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သည်ပွဲစားများမှထံမှ သိရှိရ သည်။

           ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (စတုတ္ထပတ်)မှစ၍  ပခုက္ကူကုန်စည်ဒိုင်သာမက မြို့ပေါ်ရှိ ပွဲရုံများသို့လည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မတ်လ(စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်ခဲ့သော ထောပတ်ပဲဖြူ(ယော)ဈေးနှုန်းမှာ  တစ်တင်းလျှင် ကျပ်(၈၈၀၀၀)၊ ထောပတ်ပဲဖြူ(ကျွန်း) တစ်တင်းလျှင်ကျပ်(၈၅၀၀၀)ဖြစ်၍ ဧပြီ(ဒုတိယပတ်)တွင် ထောပတ်ပဲဖြူ (ယော)တစ်တင်းလျှင်ကျပ် (၉၂၀၀၀)၊ထောပတ်ပဲဖြူ(ကျွန်) တစ်တင်းလျှင်ကျပ် (၈၆၀၀၀) နှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင်ကျပ် (၄၀၀၀)ခန့် ဈေးတက်နေပြီး အရောင်းအဝယ်ဖြစ်မှု အိတ်ရေမှာ တစ်နေ့လျှင် အိတ်ရေ (၁၀၀) မှ (၅၀၀)ထိ ဖြစ်ကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA (မကွေး)