Main menu

ပခုက္ကူ နှမ်းဈေးကွက်

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံ မျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် နှမ်းသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ မေလ(ဒုတိယပတ်) တွင် ဆီထွက်သီးနှံ နှမ်းမျိုးစုံအရောင်းအဝယ်ဖြစ်ပြီး ယခုအချိန်တွင် နွေ(နှမ်း)သီးနှံစိုက်ပျိုးချိန် ရာသီဖြစ်၍ နှမ်းသီးနှံ(အသစ်)ထွက်ပေါ်မှုမရှိသေး၍ ဈေးကွက်သို့ ဝင်ရောက်မှုနည်းသော်လည်း မြို့ပေါ်ရှိ လှောင်လက်ကုန်သည်များမှ သိုလှောင်ထားသော နှမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ တစ်ရက်လျှင် ပိဿာ(၃၀)ဝင်အိတ်(၁၀၀ - ၁၅၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပအဝယ်လိုက်၍ ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခု အချိန်တွင်စိုက်တောင်သူများမှ (နွေ)နှမ်းများ စိုက်ပျိုးနေချိန်ဖြစ်ကြောင်း၊ ဇွန်လဆန်းတွင် ဈေးကွက် သို့ (နွေ)နှမ်းအသစ်များ လှိုင်လှိုင်ဝင်ရောက်လာမည်ဖြစ်ကြောင်း သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် မေလ(ဒုတိယပတ်)တွင် နှမ်းအမျိုးအစားနှင့် အရည်အသွေးလိုက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ နှမ်းနက်(စမုန်) တစ်တင်းလျှင် ကျပ်(၂၃၀၀၀၀)၊ နှမ်းနီတစ်တင်းလျှင် ကျပ်(၁၁၅၅၀၀-၁၁၅၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ကျပ်(၁၁၈၀၀၀-၁၁၅၀၀၀)၊ နှမ်းညိုတစ်တင်း လျှင် ကျပ်(၉၈၀၀၀-၉၇၀၀၀)၊ နှမ်းဝါတစ်တင်းလျှင် ကျပ်(၁၀၃၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင် ဧပြီလ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက နှမ်းတစ်တင်းလျှင် ကျပ်(၂၀၀၀၀) ဈေးလျော့ ပြီး  အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။ နှမ်းသီးနှံပေါ်ချိန်မဟုတ်၍ ဈေးကွက်သို့ ကုန်ဝင် ရောက်မှုနည်းပြီး ဈေးအေး၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်သို့ရောက်ရှိသည့် နှမ်းများကို မြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်များ၊ နှမ်းလှော်လုပ်ငန်းရှင်များနှင့် အခြားစားသောက်ကုန် လုပ်ငန်းရှင် များမှ ဝယ်ယူမှုများကြောင်း၊ ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း တင်ပို့လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ကြောင်း၊ မြို့ပေါ်ရှိ ဆီထွက်သီးနှံ ရောင်းဝယ်ရေး ဈေးကွက်မှ သိရှိရသည်။ 

DOCA(မကွေး)