Main menu

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ စားသုံးဆီများ ရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား ကွင်းဆင်းစိစစ်

Powered by Drupal

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် မြောင်းမြမြို့နယ်ဦးစီးမှူး  ဦးလှထွဋ်ဦးတို့သည်(၂၅.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က စားသုံးဆီရည်ညွှန်းဈေးဖြင့် ရောင်းချနေမှုအား သွားရောက်ကွင်းဆင်းစိစစ် ဆောင်ရွက်ခဲ့ပါသည်။

                   ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဒု-ခရိုင်ဦးစီးမှူးဦးသန့်ဇင်မှ စားသုံးဆီရောင်းချပေးခြင်း၏ ရည်ရွယ်ချက်မှာ စားသုံးသူပြည်သူများအနေဖြင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိင်ရေး အတွက် စားသုံးဆီများကိုဖြန့်ဖြူးရောင်းချပေးရခြင်းဖြစ်ကြောင်း၊ ဆိုင်ပိုင်ရှင်များအနေဖြင့် ခွဲဝေရရှိ သည့် စားသုံးဆီပိဿာ(၄၄၀၀)အား တစ်ပိဿာလျှင် ရည်ညွှန်းဈေး(၅၈၅၀)ကျပ်ဈေးဖြင့် ပြည်သူ တစ်ဦးလျှင် (၁)ပိဿာနှုန်း ရောင်းချပေးလျှက်ရှိသော လယ်ယာသုံးဈေးရှိ ကျန်စစ်ဝင်းကုန်မျိုးစုံဆိုင်ရှင်အနေဖြင့် စားသုံးဆီရောင်းချမှုပုံစံနှင့် အချိန်အတွယ်မှန်ကန်ရေးတို့အား ကွင်းဆင်းကြပ်မတ် စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)