Main menu

နတ်တလင်းမြို့နယ်ရှိကြက်ဥဈေးနှုန်း

Powered by Drupal

နတ်တလင်းမြို့နယ်အတွင်း အခြေခံစားကုန်ဖြစ်သော ကြက်ဥကို ရန်ကုန်မြို့မှ အများဆုံး တင်သွင်းကြပြီး  ယခင် မတ်လဒုတိယပတ်တွင် ဈေးကွက်အတွင်း၌ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ကြက်ဥ/ဘဲဥ ဈေးနှုန်းများမှာ ဘဲဥကြီးတစ်လုံးလျှင်  (၅၅၀)ကျပ်၊ ဘဲဥသေးတစ်လုံးလျှင် (၆၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ကြက်ဥဈေးနှုန်းမှာ ဥကြီးတစ်လုံး လျှင် (၄၅၀)ကျပ် ၊ ဥလတ် (၄၃၀)ကျပ်၊ ဥသေး (၄၀၀)ကျပ်ရှိကြောင်းသိရှိရပြီး ဧပြီလ ပထမအပတ်တွင် ယခင်ဈေးနှုန်း များအတိုင်း အရောင်းအဝယ် ပြုလုပ်နေပါကြောင်းနှင့် ဈေးနှုန်းအပြောင်းအလဲမရှိပဲ ဈေးနှုန်းတည် ငြိမ်လျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)