Main menu

ဒေသထွက်စပါးဈေးနှုန်း မြှင့်တက်လျက်ရှိ

Powered by Drupal

              ကယားပြည်နယ်တွင်စပါးကို နွေ/မိုး အဓိကစိုက်ပျိုးကြပြီး ပြည်နယ်တွင်း စိုက်ပျိုးသော စပါးများကို ဒေသတွင်းကြိတ်ခွဲကာ စားသုံးမှုမှာ အနည်းငယ်သာရှိပြီး အများအားဖြင့် မန္တလေးသို့အဓိက တင်ပို့နေကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ် ၊ စပါး (နွေ၊မိုး) စိုက်ဧက (၇၂၀၉၅)၊ ရိတ်ဧက (၇၁၉၃၈)၊ အထွက်(၄၇၅၀၅၃၈) တင်းထွက်ရှိပြီး ယခုလက်ရှိ ပြည်နယ်အတွင်း စပါးလက်ကျန်မှာ တောင်သူ များထံ(၁၇၀၀၀၀၀)တင်း၊ ဆန်စက်များတွင် (၁၅၀၀၀၀)တင်း စုစုပေါင်း(၁၈၅၀၀၀၀)တင်း သာကျန်ရှိကြောင်း ၊ ယခုဇွန်လအတွင်း ဒေသထွက်စပါးဈေးနှုန်းမှာတင်း(၁၀၀)လျှင်( ၈၇၀၀၀၀ )ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် မေလအတွင်း စပါးဈေးနှုန်းမှာတင်း (၁၀၀)လျှင် (၈၄၀၀၀၀) ကျပ်ဈေးသာရှိခဲ့ပြီး  ယခင်မေလနှင့် ယခုဇွန်လနှိုင်းယှဉ်လျှင် စပါးတင်း(၁၀၀)လျှင်(၃၀၀၀၀) ကျပ်ခန့် ဈေးနှုန်း မြှင့်တက်လျက်ရှိကြောင်း၊ ဈေးနှုန်းမြှင့်တက်ရခြင်းမှာ ပြည်နယ်တွင်း စပါးလက်ကျန် လျော့နည်းလာခြင်းကြောင့်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်တစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)