
မွန်ပြည်နယ်သည် မြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းရိုးတန်းဖြစ်သောကြောင့် ပင်လယ် ငါး၊ ရေချို၊ ရေငံငါးများ ပေါများသည်။ ပင်လယ်ကမ်းဝေးကမ်းနီး စက်လှေနှင့် တစ်နိုင်လုပ်စားကြသောငါးလှေတို့မှ ရရှိသည့်ငါးများကို မော်လမြိုင်ဒေသ ငါးဒိုင်သွင်း၍ ငါးမျိုးစုံကို လက်လီ/လက်ကား အရောင်းအဝယ် ရှိသည်။
၂၀၂၅ ခုနှစ်၊ မေလ (ဒုတိယပတ်)တွင် ရေထွက်ငါး ဈေးနှုန်းအခြေအနေမှာ ငါးတန် တစ်ပိဿာလျှင် ကျပ် ၆၇၀၀၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၅၄၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၈၈၀၀၊ ငါးကြင်းဖြူ (ဗိုက်ခွဲ)တစ်ပိဿာလျှင် ကျပ် ၁၄၈၀၀၊ ပါကူး တစ်ပိဿာလျှင် ကျပ် ၇၈၀၀၊ တီလားပီးယား တစ်ပိဿာလျှင် ကျပ် ၁၁၀၀၀၊ ပလာတူး တစ်ပိဿာလျှင် ကျပ် ၄၃၀၀၊ ပလာလန်း တစ်ပိဿာလျှင် ကျပ် ၅၅၀၀၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၄၈၀၀၊ ငါးမုတ်မဲ တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၁၆၅၀၀၊ ငါးရွှေကြီး တစ်ပိဿာလျှင် ကျပ် ၁၃၀၀၀ ဖြစ်ကြောင်း ငါးဒိုင်မှ သိရှိရသည်။
DOCA(မွန်)