
မြန်မာနိုင်ငံတွင် သရက်သီးစိုက်ပျိုးထုတ်လုပ်မှုအရ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အဓိကစိုက်ပျိုးကြပြီး စိုက်ပျိုးသည့် သရက်သီး အမျိုးအစားများမှာ မြကျောက်၊ စိန်တလုံး၊ ရွှေဟင်္သာ၊ ရင်ကွဲ၊ မချစ်စု၊ ပတ္တမြားငမောက်နှင့် စိမ်းချို စသော သရက်သီးအမျိုးအစားများ ဖြစ်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်တွင် စိန်တလုံးသရက်ကို အများဆုံးစိုက်ပြီး ပတ္တမြားငမောက်နှင့် စိမ်းချိုစသည့် သရက်မျိုးများစိုက်ပျိုး ကြသည်။
သရက်သီးသည် အစားအသောက်အဖြစ်သာ အသုံးဝင်သည်မက ကျန်းမာရေးအတွက် အဟာရဓာတ်များကြွယ်ဝစွာပါဝင်ကြောင်း၊ ကန့်ဘလူမြို့၊ သစ်သီးဆိုင်များတွင် ရောင်းချနေသော သရက်သီးဈေးနှုန်းအခြေအနေမှာ စိန်တလုံးသရက်သီးတစ်လုံးလျှင် (၅၀၀)ကျပ်နှင့် (၅)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရသည်။
DOCA(စစ်ကိုင်း)