Main menu

တနင်္သာရီတိုင်း မြိတ်မြို့ပေါ်ရှိ ကန်စွန်းရွက်

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် တောင်ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြ ပါသည့်အပြင် ရာသီပေါ်သီးနှံနှင့် စားဖိုဆောင်သီးနှံများကို အများအပြားစိုက်ပျိုးကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ကန်စွန်း၊ ခရမ်းသီး၊ ဘူးသီး၊ ပဲသီး အစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုးကြပါသည်။ ကန်စွန်းရွက်ပင်ကို အိမ်တိုင်းလိုလိုစိုက်ပျိုးကြပါသည်။ ကန်စွန်းပင်သည် အပူပိုင်းဒေသတွင် ပေါက်ရောက်သော အပင်တစ်မျိုးလည်းဖြစ်ပါသည်။ ကန်စွန်းပင်သည် ရေထဲ (သို့မဟုတ်) စိုစွတ်သောမြေကြီးပေါ်တွင် ပေါ်လေ့ရှိပြီး ကန်စွန်းရိုးအဆစ်များမှ တစ်ဆင့်အမြစ် များထွက်ပြီး ပေါက်လေ့ရှိပါသည်။ မြိတ်မြို့ပေါ်ရှိ ဆိပ်ငယ်ဈေးကြီး၊ စမ်းချောင်းကုန်စိမ်းဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ယခင်ပတ်ကကန်စွန်းရွက်တစ်စီးလျှင် (၄၀၀)ကျပ် နှင့် (၄၅၀)ကျပ်ထိ ရှိပြီး ယခုဧပြီလပထမပတ်တွင် ကန်စွန်းရွက်တစ်စီးလျှင်(၃၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)