
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်နေ့တွင် ရွှေဒေါင်း ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချမှု့နှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစိစစ်ရာတွင် ဆန်၊စပါးဈေးနှုန်းဈေးကွက်အခြေအနေများ သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကိစ္စ၊ မှတ်ပုံတင်သက်တမ်းတိုးခြင်းကိစ္စ၊ သိုရုံဆန်စပါးလက်ကျန် အခြေအနေ တို့ကို စားသုံးသူရေးရာဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန၊ စက်မှုကြီးကြပ်ဌာန၊ ဆန်စက်အသင်းတို့မှ ပူးပေါင်းကွင်းဆင်းစိစစ်ခဲ့ကြပါသည်။ ထို့နောက် ဆန်စက်ကြိတ်ခွဲရာမှ ထွက်ရှိသော ထုတ်ကုန်များ အရည်အသွေး ပြည့်မှီစေရေး၊ ထုတ်ပိုးမှု အခြေအနေများ၊ ဆန်စပါး လက်ကျန်အခြေအနေများ၊ ပုံမှန်လည်ပတ် ကြိတ်ခွဲမှု ရှိ/မရှိ၊ သက်မှတ် ရည်ညွှန်းဈေးနှုန်း များအတိုင်း ရောင်းချခြင်းရှိ/မရှိ၊ ရေစစ်ကန်များနှင့် ပတ်သက်၍ ရှိသင့်ရှိထိုက်သည့် အကျယ်အဝန်းနှင့် အသုံးပြုရမည့် အချက်များ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ စက်အတွင်းအပြင် သန့်ရှင်းမှု၊ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှု၊ မြစ်ချောင်းများ ပိတ်ဆို့မှုမဖြစ်စေရေး အဓိကထား စစ်ဆေးခဲ့ပြီး MSMEs လုပ်ငန်းများဖွံ့ဖြိုးရေး ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)