
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်တွင် ပဲဈေးကွက်အနေဖြင့်မတ်လနောက်ဆုံး ပတ်နှင့်ဧပြီလပထမပတ်တို့တွင်မတ်ပဲ၂၀ပိဿာတစ်တင်းကို၉၈၅၀၀/ကျပ်ရှိခဲ့ပြီး၊ ဧပြီလစတုတ္ထပတ် တွင်၉၇၅၀၀/ကျပ်ရှိခဲ့ရာ အနည်းငယ်ကျဆင်းသွားကြောင်း၊ပဲငပိ၂၀ပိဿာတစ်တင်းကို၁၀၆၀၀၀/ ကျပ်၊ကုလားပဲ ၂၀ပိဿာတစ်တင်းလျှင် ၇၃၆၀၀/ကျပ်၊စားတော်ပဲတစ်ပြည်လျှင် ၉၀၀၀/ကျပ်၊ပဲဖြူ လေးတစ်ပြည်လျှင် ၁၁၀၀၀/ကျပ်၊ဘိုကိတ်တစ်ပြည်လျှင် ၇၅၀၀/ကျပ်၊ပဲနီစေ့တစ်ပြည်လျှင် ၇၅၀၀/ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးအတွင်းပဲမျိုးစုံ ရောင်းချနေသော ဆိုင်ရှင်တစ်ဦးထံ မှသိရှိရပါသည်။
DOCA(ပဲခူး)