Main menu

တနင်္သာရီတိုင်းဒေသကြီး စျေးကွက်ရောင်းတန်းဝင်ရောက်လာသည့် ကွမ်းသီးနု

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီးနုရာသီအစဖြစ်သော မေလ ပထမအပတ်အတွင်း ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူအများစုသည် လမ်းခရီးအခက်အခဲနှင့် ဒေသတွင်းအခြေ အနေများကြောင့် ကွမ်းသီးရင့်မှည့်သည့်အချိန်ထိ မထားရှိတော့ဘဲ ရောင်းတန်းဝင် ဆိုဒ်ဝင်သည့် ကွမ်းသီးအနုအရည်သောက်များအား ခူးဆွတ်ကာ ဒေသတွင်းနှင့်ခြံများသို့ တိုက်ရိုက်သွားရောက် ဝယ်သူသည့် လုပ်ငန်းရှင်များအား ရောင်းချလျက်ရှိပါသည်။

    ရောင်းတန်းဝင်ဆိုဒ်ဝင်သည့် ကွမ်းသီးအနုအရည်သောက် တစ်လုံးလျှင် ငွေကျပ် ၇၀/၈၀ ကျပ်နှင့် တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဝန်းကျင်အထိ ထားဝယ်အထိုင်အနေဖြင့် စျေးပေးဝယ်လျက်ရှိကြောင်း ကွမ်းသီးစိုက်တောင်သူများနှင့် စျေးကွက်အတွင်းမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)