
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကန်ကြီးတန်းလမ်းရှိ ကိုရဲကြီး စိုက်ပျိုးရေးဆေးအရောင်ဆိုင်သို့ (၁၀.၅.၂၀၂၅) ရက်နေ့ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဦး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
တောင်သူအများသုံး ဓာတ်မြေဩဇာများဖြစ်သော 50kg တစ်အိတ်ဈေးနှုန်းမှာ မြင်းရိုင်း တံဆိပ် ၊၁၁၀၀၀၀ကျပ်၊ ယူရီးယား(မြင်းပျံတံဆိပ်) ၁၁၀၀၀၀/ကျပ်ပုလဲ (MPE)ကျပ် ၁၁၀၀၀၀၊အာမို ၁၅:၁၅:၁၅ ကျပ် ၁၃၅၀၀၀၊ မြန်မာရွှေနဂါး ကျပ်၊၁၁၀၀၀၀/ ကျပ် ဈေးနှုန်းဖြင့်အရောင်း အဝယ်ဖြစ်နေပါကြောင်း သိရပါသည်။ ပိုးသတ်ဆေးဈေးနှုန်းအနေဖြင့် ရှောင်လင်(ထိသေ) (500cc) တစ်ဘူးလျှင် ကျပ် ၄၀၀၀၀၊ ၊ဂလိုင်ဖောက် (ပေါင်းသတ်ဆေး) ၄လီတာ တစ်ဘူးလျှင် ကျပ် ၇၅၀၀၀ဖြင့် အရောင်း အဝယ်ဖြစ်နေပါကြောင်း၊ဈေးနှုန်းများကတော့ အနည်းငယ်အတက်ရှိနေ ပါကြောင်း သိရပြီး သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော တရားဝင်ဓာတ်မြေဩဇာနှင့် ပိုးသတ် ဆေးများကိုသာရောင်းချရန် လုပ်ငန်းရှင်အားအသိပေးပြောကြား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပါသည်။
DOCA(ပဲခူး)