Main menu

တောင်ငူခရိုင်အတွင်း ငလျင်ဘေးဒဏ်သင့်ပြည်သူများအား အခြေခံစားကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေး

Powered by Drupal

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်ငူခရိုင်အတွင်း ငလျင်ဘေးဒဏ် သင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် အမှတ်(၁၁)ရပ်ကွက်၊ ကန်တော်ကျောင်းတိုက်အတွင်း mobile မော်တော်ယာဉ်များဖြင့် လှည့်လည် ရောင်းချပေးလျှက် ရှိပါသည်။

    တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ဆန်ကုန်သည်နှင့် ဆန်စက်လုပ်ငန်းရှင်များသည် ဆန် တစ်ပြည်လျှင် ၃၀၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များက စားသုံးဆီ တစ်ပိဿာလျှင် ၇၈၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်မွေးမြူရေး လုပ်ငန်းရှင်များ က ကြက်ဥ အလုံးသေးတစ်လုံးလျှင် ၃၀၀ ကျပ် နှုန်းဖြင့်လည်းကောင်း၊အလုံးကြီး တစ်လုံးလျှင် ၄၀၀ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချပေးလျက် ရှိပါသည်။

    ထို့အတူ မွေးမြူရေးလုပ်ငန်းရှင်များက အသားငါးများကိုလည်းကောင်း၊ တပိုင်တနိုင် စိုက်ပျိုးထုတ်လုပ်သူများက ဟင်းသီးဟင်းရွက်များကိုလည်းကောင်း သက်သာသော နှုန်းထား များဖြင့် ရောင်းချပေးလျှက်ရှိရာ mobile မော်တော်ယာဉ်များဖြင့် ရောင်းချရာသို့ စားသုံးသူ ရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ကြီးကြပ်၍ လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးကြောင်း သိရပါသည်။

DOCA(ပဲခူး)