Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးဈေးနှုန်းပြန်လည်မြင့်တက်လျက်ရှိ

Powered by Drupal

         မကွေးတိုင်ဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးသီးနှံကို မကွေးမြို့၊ မင်းဘူးမြို့တို့ရှိ ကုန်စိမ်းသီးနှံဈေးကွက်အပြင် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့်တောင်ကြီးမြို့တို့မှ မှာယူ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် အာလူး(၁)ပိဿာလျှင် (အလုံး၊ အကြီး၊ အသေး) အလိုက် ကျပ်(၅၅၀၀-၆၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင် မတ်လ(စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၄၀၀၀-၄၅၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၁၅၀၀) ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။ ယခုအချိန်တွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲ ကြောင့် သယ်ယူစရိတ်မြင့်မားလာ၍ အာလူးဈေးနှုန်းမှာမြင့်တက်ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA (မကွေး)