Main menu

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ခရမ်းသီးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

          မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီ တော၊ ရွာတော်၊ ညောင်ပင်သာ စသည့်ကျေးရွာများတွင် ခရမ်းသီး(အလုံးကြီးမျိုး)ကို အိမ်ခြံဝန်းများ၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိသည့်အပြင် ကိုင်းမြေများတွင်လည်း စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ မတ်လမှစ၍ ဇေယျာသီရိဈေးအတွင်းသို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဧပြီလ(ပထမပတ်)တွင် ခရမ်းသီး(အလုံးကြီး)(၁)ပိဿာလျှင် ကျပ် (၂၅၀၀) ဖြင့်ရောင်းချလျက်ရှိပြီး ယခင်မတ်လ(စတုတ္ထပတ်)တွင် (၁)ပိဿာလျှင် ကျပ်(၁၅၀၀-၂၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀)ဈေးနှုန်းမြင့် တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဒေသတွင်းခရမ်းသီးစိုက်ခင်းများ၌ အထွက် နှုန်းလျော့နည်းလာသည့်အပြင် သရက်နှင့် မကွေး၊ မင်းဘူးမြို့တို့ရှိ ကုန်စိမ်းသီးနှံဒိုင်များမှလည်း ဝင်ရောက်မှုနည်းလာသောကြောင့် ဈေးနှုန်းမှာ အနည်းငယ်မြင့်တက်ရခြင်းဖြစ်ကြောင်း သိရသည်။

DOCA (မကွေး)