Main menu

ဆီးသီးခြောက်စျေးနှုန်းစျေးကွက်

Powered by Drupal

              ပူပြင်းသည့်ရာသီဖြစ်၍    မန္တလေးစျေးကွက်အတွင်း  ဆီးသီးခြောက်အသုံးပြုသည့် ယို နှင့် ဖျော်ရည်စားသောက်ကုန်လုပ်ငန်းများမှ ဝယ်ယူမှုများသည့်အတွက် အ‌ရောင်းသွက်လျက် ရှိကြောင်း   သိရပါတယ်။ ဆီးသီးခြောက်ဝင်ရောက်မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီးနှင့် ကျန်ဒေသတို့မှ လည်းဝင်ရောက်ကြောင်းသိရပါ တယ်။ ၂၀၂၅ ခုနှစ် မေလ ပထမပတ်အတွင်း ဆီးသီးအခြောက်ပေါက်စျေးမှာ  အချိုသီးခြောက်(လုံးကြီး)တစ်ပြည်လျှင်  ၂၅၀၀ ကျပ်နှင့်  ၃၀၀၀ ကျပ်၊ အချို(လုံးသေး) ၂၅၀၀ ကျပ်နှင့် ၃၀၀၀ ကျပ်၊ဆီးချဉ်သီးခြောက်တစ်ပြည်လျှင်  ၂၀၀၀ ကျပ် နှင့် ၃၀၀၀ ကျပ်စျေးတို့ဖြင့် အသီးသီးရောင်းချလျက်ရှိကြောင်းသိရပါတယ်။ 

DOCA(မန္တလေး)