Main menu

ကန့်ဘလူမြို့၏ ဖူးစားပြောင်းဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

          ကန့်ဘလူမြို့ မြို့မဈေးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းလှည့်လည်ရောင်းချသည့်ဈေးသည်များတွင်လည်းကောင်း ပြောင်းဖူးများကို အစိမ်းနှင့် အပြုတ်ဟူ၍ ရောင်းချလျက်ရှိသည်။ ပြောင်းဖူးများကို ကန့်ဘလူဒေသတွင်းမှလည်းကောင်း၊ ကားဘိုးကျေးရွာမှလည်းကောင်း ဝင်ရောက် လျက်ရှိသည်။

          နေ့စဉ်ရောင်းချလျက်ရှိသော ပြောင်းဖူးအမျိုးအစားမှာ ထိုင်ဝမ်ပြောင်းဖူးအမျိုးအစားဖြစ်ပြီး ပြောင်းဖူးပြုတ်ကို လူကြီးလူငယ်မရွေး သရေစာအဖြစ်စားသုံးကြသလို အိမ်ရှင်မများကလည်း ပြောင်းဖူးအစိမ်းကို ဟင်းချက်ရာတွင်လည်း ထည့်သွင်းချက်ပြုတ်ကြသည်။ ပြောင်းဖူးသည် ကျန်း မာရေးကို အထောက်အကူပြုသည့် ပိုတက်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့ဖရပ်စ်၊ ဖောလစ် အက်ဆစ်၊ ဗီတာမင်C၊ ဗီတာမင်B12၊ ဗီတာမင်E၊ ဗီတာမင်Aနှင့် ဘီတာကယ်ရိုတင်းတို့ ပါဝင်သော ကြောင့် စားသုံးသင့်သော အစားအစာဖြစ်ပါသည်။

          ယခုအခါ ပြောင်းဖူးများကို ကန့်ဘလူမြို့မဈေးတွင် လက်လီ၊ လက်ကားရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ ပြောင်းဖူးအစိမ်းအကြီး (၁)ဖူးလျှင် (၅၀၀)ကျပ်၊ အသေး(၁) ဖူးလျှင် (၃၅၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း တစ်ဆင့်ဝယ်ယူပြီး ပြောင်းဖူးများကိုပြုတ်၍ ပြန်လည်ရောင်းချသူများသည် ပြောင်းဖူးပြုတ် အကြီး(၁)ဖူးလျှင် (၁၀၀၀)ကျပ်၊ အသေး (၁)ဖူးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)