Main menu

အရောင်းသွက်နေသောစိန်တလုံးသရက်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်၊စဉ့်ကိုင်၊ဟန်မြင့်မိုရ်မြို့နယ်များတွင် စိုက်ပျိုးရေးနှင့် စီးပွားရေးကို အဓိကထား လုပ်ကိုင်ကြပြီး နှစ်ရှည်ခံသီးပင်တစ်မျိုးဖြစ်သော သရက်ပင်များကိုလည်း  စိုက်ပျိုးကြပါသည်။ ယခုကာလတွင် စိန်တလုံးသရက်သီးမှာ ဈေးကွက်ကောင်းမွန်လျက်ရှိကြောင်း စိစစ်သိရှိရပါသည်။ယခင်က သရက်သီးကို တနိုင်တပိုင်စားသုံးရန်အတွက်သာ စိုက်ပျိုး ကြသော်လည်း ယခုနောက်ပိုင်းကာလများတွင် သရက်သီးပင်များကို ယာမြေနှင့် ဥယာဉ်ခြံမြေ များတွင် ကျယ်ပြန့်စွာ စိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။ယခင်က အစေ့ပျိုးပင်များကိုသာ စိုက်ပျိုးကြပြီး ယခုအချိန်တွင် စိုက်ပျိုးရေးနည်းပညာများစွာ ထွန်းကားလာသည်နှင့်အညီ တောင်သူများသည် ကိုင်းကူးစနစ်ဖြင့် စိုက်ပျိုးလာကြသည်ကိုလေ့လာတွေ့ရှိရပါသည်။ ကိုင်းကူး စနစ်ဖြင့် စိုက်ပျိုးထားသော သရက်ပင်များသည် သုံးနှစ်ခန့်ကြာကာလတွင် အသီးစတင်သီးပြီး၊ အလုံးချောသည့်အတွက်ဈေးကွက်ဝင်ကြောင်း သိရှိရသည်။ စိန်တလုံးသရက်သီးများမှာ သရက် ဈေးကွက်တွင် တစ်လုံးလျှင် ငွေကျပ် ၅၀၀ မှ ၁၀၀၀ ကျော် ပေါက်ဈေးရှိနေကြောင်း ရောင်းသူများထံမှ သိရှိရသည်။စိန်တလုံးသရက်သီးများမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်တွင် ရောင်းအားကောင်းသောသစ်သီးဖြစ်သဖြင့်ဈေးကွက်သို့တင်ပို့ရာတွင် အရည်အသွေးကို အဓိက ထားရန်လိုအပ်ပြီး  အရည်အသွေးမကောင်းပါက ဈေးကွက်တွင်ခေတ္တသာဈေးကောင်းရနိုင် ကြောင်းလေ့လာချက်များအရ သိရှိရပါသည်။နေပူပူတွင် စိန်တလုံးသရက်သီးစားခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရရှိပါသည်။ယခုကာလတွင် စိန်တလုံးသရက်သီးများသည် မန္တလေးကုန်စည်ဒိုင်များတွင် အရောင်းသွက်နေကြောင်း လေ့လာချက်များအရ တွေ့ရှိရပါသည်။

DOCA(မန္တလေး)