
၂၀၂၅ ခုနှစ်မေလပထမပတ်အတွင်း အလှူပွဲတော်များ၊ ဘုရားပွဲများနှင့် မင်္ဂလာပွဲများ ကျင်းပမှုများပြားသည့် ရာသီဖြစ်ပြီး၊ မန္တလေးစျေးချိုတော်တွင် ငါးခြောက်များအရောင်းသွက်လျက်ရှိကြောင်း သိရပါတယ်။ မန္တလေးစျေးကွက်သို့ ရေထွက်ကုန်ပစ္စည်းများ ဖြစ် သည့်ငါးခြောက်၊ ငါးပိ နှင့်ပုဇွန်ခြောက် များအား ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအောက် ပိုင်းဒေသတို့မှ ဝင်ရောက် လျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ်မေလပတ်အတွင်းအမျိုးအစားအလိုက်တစ်ပိဿာ ပေါက် စျေးတို့မှာ ငါးနီတူး ခြောက် ၂၀၀၀ဝိ/- နှင့် ၂၈၀၀ဝိ/-၊ ငါးဖောင်ရိုးခြောက် ၄၀၀၀ဝိ/- နှင့် ၆၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက် (လုံး)၁၆၀၀ဝိ/- နှင့်၂၀၀၀ဝိ/-၊ ငါးပုတ်သင်ခြောက်(ပြား) ၂၀၀၀ဝိ/-နှင့်၂၅၀၀ဝိ/-၊ ငါးရောင်ခြောက် ၄၅၀၀ဝိ/- နှင့် ၇၀၀၀ဝိ/-၊ ငါးရံ့ခြောက်(လုံး)၆၅၀၀ဝိ/- နှင့်၇၅၀၀ဝိ/-၊ငါးရံ့ခြောက် (ပြား)၈၅၀၀ဝိ/- နှင့် ၉၅၀၀ဝိ/-၊ ပုဇွန်ခြောက် ၂၅၀၀ဝိ/- နှင့် ၆၀၀၀ဝိ/- စျေးတို့ အသီးသီးဖြစ်ပေါ်လျက်ရှိကြောင်း သိရပါတယ်။
DOCA(မန္တလေး)