
လယ်ယာထွက်ကုန်သီးနှံများကို ဈေးကွက်လိုအပ်ချက်အရ နေ့စဉ်ဖြစ်ပေါ်နေသော ဈေးနှုန်းများအား အခြေခံ၍ အရောင်းအဝယ်ဈေးနှုန်းသတ်မှတ်ပြီး ရောင်းဝယ်ဖောက်ကား လျက်ရှိ ရာ မြင်းခြံကုန်စည်ဒိုင်တွင် ယခုမေလဒုတိယပတ်အတွင်းဖြစ်ပေါ်နေသော လယ်ယာထွက်ကုန်သီးနှံ ဈေးနှုန်းများအနေဖြင့် ပဲစဉ်းငုံတစ်ပိဿာလျှင်(၄၆၂၅)ကျပ်၊ ကုလားပဲ 929 တစ်ပိဿာလျှင်(၄၂၀၀) ကျပ်၊ ကုလားပဲ ဖြူလုံးကြီး တစ်ပိဿာလျှင်(၄၂၃၅)ကျပ်၊ ပဲပုတ်(ဗမာ)တစ်ပိဿာလျှင်(၇၇၀၀)ကျပ်၊ မြေပဲ(ဆီဆံ) တစ်ပိဿာလျှင်(၈၃၀၀)ကျပ်၊ CP ပြောင်း တစ်ပိဿာလျှင်(၁၅၂၀-၁၅၃၀)ကျပ်၊ နှမ်းညို တစ်ပိဿာလျှင်(၆၃၀၀)ကျပ်၊ ပဲဇီးကွက်တစ်ပိဿာလျှင်(၄၃၅၀)ကျပ်၊ မတ်ပဲ တစ်ပိဿာလျှင် (၄၃၀၀)ကျပ်၊ ပဲနီပြား တစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ ထောပတ်ပဲ တစ်ပိဿာလျှင်(၄၈၅၀)ကျပ်၊ ကြက်သွန်နီ(ကြီး) တစ်ပိဿာလျှင်(၁၂၀၀-၁၃၅၀)ကျပ်၊ ကြက်သွန်နီ(လတ်) တစ်ပိဿာလျှင်(၉၀၀-၁၁၀၀)ကျပ်၊ ကြက်သွန်နီ(သေး) တစ်ပိဿာလျှင်(၅၀၀-၇၀၀)ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်ပေါ် လျက်ရှိကြောင်း သိရသည်။
DOCA(မန္တလေး)