Main menu

၂၀၂၅ ခုနှစ်၏ ပထမ ၄ လတွင် စိုက်ပျိုးရေး-သစ်တော-ရေလုပ်ငန်းကဏ္ဍမှ ကုန်သွယ်ရေး ပိုငွေ အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံနီးပါး ရရှိခဲ့သည့် ဗီယက်နမ်

Powered by Drupal

          ၂၀၂၅ ခုနှစ်၏ ပထမ ၄ လတွင် ဗီယက်နမ်၏ စိုက်ပျိုးရေး-သစ်တော-ရေလုပ်ငန်း ကဏ္ဍသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၅.၁၈ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၄.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဗီယက်နမ်စိုက်ပျိုး မွေးမြူရေးနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန(MoAE) က မေလ ၅ ရက်နေ့က ကြေညာခဲ့ ပါသည်။ ထိုကာလအတွင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁.၁၅ ဘီလီယံ တန်ဖိုးရှိခဲ့ပြီး တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၅.၉၇ ဘီလီယံတန်ဖိုးရှိခဲ့ကြောင်း ဝန်ကြီးဌာန၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူး Tran Gia Long က ပြောကြားခဲ့ ပါသည်။ ထို ၄ လတာကာလအတွင်း အဓိကပို့ကုန်အုပ်စု အမျိုးအစားများတင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁.၁၅ ဘီလီယံတန်ဖိုးရှိပြီး ၁၀.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ၎င်းတို့မှာ စိုက်ပျိုးရေးထုတ်ကုန်တင်ပို့မှုမှဝင်ငွေအမေ ရိကန်ဒေါ်လာ ၁၁.၆ ဘီလီယံ (၁၁.၇ ရာခိုင်နှုန်းမြင့်တက်)၊ သစ်တောထွက်ကုန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၅.၅၆ ဘီလီယံ (၁၁.၂ ရာခိုင်နှုန်းမြင့်တက်)၊ ရေထွက်ကုန်တင်ပို့မှုမှဝင်ငွေအမေ ရိကန်ဒေါ်လာ ၃.၀၉ ဘီလီယံ(၁၃.၇ ရာခိုင်နှုန်းမြင့်တက်) နှင့် မွေးမြူရေးထုတ်ကုန်တင်ပို့မှုမှဝင်ငွေ အမေရိကန် ဒေါ်လာ ၁၇၈ သန်း( ၁၆.၈ ရာခိုင်နှုန်း မြင့်တက်) တို့ဖြစ်ကြောင်း သိရပါသည်။ သစ်နှင့် သစ်ထုတ်ကုန် တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံ(၅.၈ ရာခိုင်နှုန်းမြင့်တက်)၊ ကော်ဖီတင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၇၈ ဘီလီယံ( ၅၁.၁ ရာခိုင်နှုန်းမြင့်တက်)၊ ပုဇွန်တင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၂၄ ဘီလီယံ( ၂၈.၄ ရာခိုင်နှုန်းမြင့်တက်)၊ ဆန်တင်ပို့မှု မှ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၇၅ ဘီလီယံ( ၁၄.၃ ရာခိုင်နှုန်းကျဆင်း) နှင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၆၂ ဘီလီယံ (၁၄.၂ ရာခိုင်နှုန်းကျဆင်း) တို့ပါဝင်သော ထုတ်ကုန်အမျိုးအစား ၆ မျိုးတင်ပို့မှုမှ ဝင်ငွေ အမေရိကန်‌ဒေါ်လာ ၁ ဘီလီယံ အသီးသီးကျော် ရရှိခဲ့ ကြောင်း သိရပါသည်။ ဒေသအားဖြင့်ဆိုပါက အမေရိကသို့တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၄.၈၃ ဘီလီယံ( ၁၂.၆ ရာခိုင်နှုန်းမြင့်တက်)၊ ဥရောပသို့တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃.၄၈ ဘီလီယံ( ၃၇.၇ ရာခိုင်နှုန်းမြင့်တက်)၊ အာဖရိကသို့တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၈ သန်း(၇၈.၄ ရာခိုင်နှုန်းမြင့်တက်)၊ အာရှသို့တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၈.၈၂ ဘီလီယံ(၁.၃ ရာခိုင်နှုန်းကျဆင်း)နှင့် သမုဒ္ဒရာပိုင်းဒေသသို့တင်ပို့မှုမှဝင်‌ငွေ အမေရိကန်ဒေါ်လာ ၂၆၃ သန်း( ၂.၆ ရာခိုင်နှုန်းကျဆင်း)ခဲ့ကြောင်း သိရပါသည်။ အမေရိကန်၊ တရုတ်နှင့် ဂျပန်တို့သည် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော- ရေလုပ်ငန်းထုတ်ကုန်များ အတွက် ထိပ်တန်းဈေးကွက် ၃ ခု ဖြစ်ကြောင်း သိရပါသည်။ MoAE က၎င်းတို့သည် e-commerce စည်းမျဉ်းများ မူကြမ်းရေးဆွဲခြင်းနှင့် နိုင်ငံခြားကုန်သွယ်မှုစီမံခန့်ခွဲရေးဥပဒေအောက်ရှိ မူရင်းစည်းမျဉ်းများအား အသေးစိတ်ဖော်ပြခြင်းတို့ ပါဝင်သော ကုန်သွယ်မှုအရှိန်မြှင့်တင်ရန် စီမံချက်များချမှတ်ရန်နှင့် မူဝါဒများမွမ်းမံရန် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အခြားအေဂျင်စီများနှင့် အတူတကွ လုပ်ကိုင်လျှက်ရှိကြောင်း သိရ ပါသည်။

Reference; Vietnam Plus

DOCA(ရန်ကုန်)