Main menu

အဲကမ္ဘောဒီးယားလေကြောင်းလိုင်းသည် အောက်တိုဘာလတွင် ဂျပန်နိုင်ငံသို့ ပျံသန်းပြေးဆွဲမည်

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားလေကြောင်းလိုင်း Air Cambodia သည် ကမ္ဘောဒီးယား တွင် ခရီးသွားများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးလာနေသည့်အတွက် နှစ်နိုင်ငံအာဏာပိုင်များ၏ ခွင့်ပြုချက်ရယူပြီးနောက် အောက်တိုဘာလတွင် ဂျပန်နိုင်ငံသို့ စတင်ပျံသန်းမည်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးနှင့် မြို့ပြလေကြောင်းဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha က ဂျပန်နိုင်ငံသို့ လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းဆောင်ရွက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံပိုင် လေကြောင်းလိုင်း Air Cambodia ၏ လျှောက်ထားမှုကို နှစ်နိုင်ငံ တာဝန်ရှိသူများက သဘောတူပြီးအတည်ပြုခဲ့ကြောင်းသိရသည်။ အဲယားဘတ်စ် A321 လေယာဉ်သည် ကမ္ဘောဒီးယားနိုင်ငံမှ ဂျပန်နိုင်ငံသို့ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေ တစ်ပတ်လျှင် လေးကြိမ်ပျံသန်းမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားအမျိုးသားလေကြောင်းလိုင်းသည် အဆိုပါလေဆိပ်များတွင် ဆင်းသက်ခြင်းဝန်ဆောင်မှုများ လွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာလေဆိပ် အော်ပရေတာများနှင့် နီးကပ်စွာဆက်လက်လုပ်ဆောင်နေကြောင်းနှင့် အခက်အခဲများမရှိ ပါက ကမ္ဘောဒီးယားအမျိုးသားလေကြောင်းလိုင်း အနေဖြင့် ခရီးသည်တင်လေယာဉ်ခရီးစဉ် များအား ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှာ စတင်နိုင်မည်ဖြစ်ကြောင်းထပ်မံပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ကမ္ဘောဒီးယားနိုင်ငံတကာလေဆိပ် ၃ ခုမှ လေယာဉ်ခရီးစဉ် ၁၇,၄၃၄ ခု ပျံသန်းပြေးဆွဲခဲ့ပြီး ခရီးသည် ၁.၉၆ သန်းအပါအဝင် ၁၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး ကုန်စည်တန်ချိန် ၂၀,၀၀၀ နီးပါးတိုးလာကာ ၂၀၂၄ ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)