
နဂါးမောက်သီးသည် ကျန်းမာရေးနှင့် ညီညွတ်၍ အရသာချိုချို ချဉ်ချဉ်လေး နှင့်အလွန် စားကောင်းပါသည်။ အမျှင်ဓာတ်ကြွယ်ဝသောကြောင့် အစာခြေစနစ်ကို များစွာအထောက်အကူ ပြုစေပြီး ဝမ်းမှန်စေပါသည်။ ကိုလက်စထရောပါဝင်မှုနည်းသောကြောင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်ပါသည်။
နဂါးမောက်သီးတွင် ကယ်လိုရီ၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ သံဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ အမျှင်ဓာတ်များစွာ ပါဝင်ပါသည်။ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝသောကြောင့် ကင်ဆာ အပါအဝင် နာတာရှည်ရောဂါများကိုလည်း တားဆီးပေးနိုင်ပါသည်။ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါ ရှိသူများသည် နဂါးမောက်သီးကို အလွန်အကျွံမစားသုံးသင့်ပါ။
တောင်ငူမြို့၊ ညောင်ပင်လေးဈေးတွင် နဂါးမောက်သီးအလုံးသေးတစ်လုံးလျှင် ၃၀၀၀ ကျပ်၊ အလုံးကြီးတစ်လုံးလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး နဂါးမောက်သီးများ လှိုင်လှိုင် ပေါ်ချိန်မဟုတ်သောကြောင့် ဈေးကောင်းလျက် ရှိကြောင်း သိရပါသည်။
DOCA(ပဲခူး)