Main menu

ဒိုက်ဦးမြို့အတွင်းမှ ပြောင်းဖူးစျေးကွက်

Powered by Drupal

     ယခုအချိန်အခါ ပူပြင်းလှသောနွေရာသီတန်ခူးလတွင် ဒိုက်ဦးမြို့စျေးကွက်၌ ပြောင်းဖူးများ ဝင်ရောက်မှု များပြားလာကြောင်း သိရှိရပါသည်။ ပြောင်းဖူးများကို ရေသွင်း၍ စိုက်ပျိုးလျက် ရှိကြောင်း သိရှိရပါသည်။ ပြောင်းဖူးများကိုဒိုက်ဦးမြို့ အရှေ့ဘက်ရှိ မလေးစုကျေးရွာ၊ ရွာဝိုင်းကြီး ကျေးရွာ၊  အိမ်ခြေလေးဆယ်ကျေးရွာတို့မှ စိုက်ပျိုးလျက်ရှိပြီး ဒိုက်ဦးစျေးကွက်အတွင်း ဝင်ရောက် လျက်ရှိကြောင်း သိရသည်။ ဒိုက်ဦးမြို့နယ်ရှိစျေးအတွင်းမှ ပြောင်းဖူးစျေးကွက်စျေးနှုန်းများမှာ ပြောင်းဖူးအကြီးတစ်ဖူး လျှင်(၅၀၀)ကျပ်နှုန်း၊ ပြောင်ဖူးအလတ်တစ်ဖူးလျှင်(၃၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)