Main menu

လက်မှုပညာဂျုံရိုးဦးထုပ်

Powered by Drupal

            မြန်မာ့လက်မှုပညာ ဂျုံရိုးထန်းဖူးစပ်ဦးထုပ်သည် သဘာဝပစ္စည်းဖြစ်သော ဂျုံရိုးနှင့်ထန်းဖူး စသည့်တို့ဖြင့် ရောနှောရက်လုပ်ထားသော ဦးထုပ်တစ်မျိုးဖြစ်ပြီး၊ အဓိကအားဖြင့် နေပူဒဏ်၊ မိုးဒဏ်မှကာကွယ်ရန် အသုံးပြုကြသည်။ ယခုလိုပူပြင်းသော နွေရာသီကာလတွင် နေရောင်၌ အလုပ်လုပ်ရသူများအတွက်ဦးခေါင်းနှင့် မျက်နှာကိုနေလောင်ဒဏ်မှကာကွယ်ရန်နှင့် အပူကြောင့် ခေါင်းကိုက်ခြင်း ကိုသက်သာစေရန် ဂျုံရိုးဦးထုပ်များကိုအသုံးပြုသင့်ပေသည်။ မြင်းခြံမြို့နယ်တွင် ရောင်းချနေသော လက်လီဈေး ဂျုံရိုးထန်းဖူးစပ်ဦးထုပ် တစ်လုံးလျှင်(၅၂၀၀)ကျပ်၊ လက်ကား ဈေးဖြစ်သော ဦးထုပ်(၁၀)လုံးလျှင် (၅၀၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ ဈေးကွက် ဝင်ရောက်မှု အနေဖြင့်ငါန်းဇွန်မြို့၊ ပခုက္ကူမြို့တို့မှမှာယူ၍ ဒေသတွင်းဖြန့်ဖြူးရောင်းချကြောင်း ဂေဟစနစ်ကို ထိန်းသိမ်းသောအားဖြင့် ဂျုံရိုးနှင့်ထန်းဖူးကိုရောနှော၍ သဘာဝဖြစ် ပစ္စည်းများနှင့် ပြုလုပ်ထားသည်။ ကျေးရွာဒေသများတွင် ကျေးရွာလက်မှုပညာရပ် တစ်ခုအဖြစ် ထုတ်လုပ်ကြပြီး ဒေသခံ ပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းအတွက် အထောက်အကူပြုသောလုပ်ငန်းဖြစ် သည်။ ဂျုံရိုးဦးထုပ်သည် ရိုးရှင်းသော်လည်းလူ့အသုံးအဆောင်အတွက် အကျိုးကျေးဇူးများစွာ ရှိပြီးသဘာဝပတ်ဝန်းကျင်နှင့် ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းသော လူ့အသုံးအဆောင်ပစ္စည်း တစ်ခုအဖြစ်သိရှိရပါသည်။

DOCA(မန္တလေး)