
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်၊ဈေးကွက်ဈေးလမ်းတွင်ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်သူများ၏ ပိတ်ရက်မရှိ နေ့စဉ်ရောင်းချလျက်ရှိသော ဈေးတွင် ၈.၅.၂၀၂၅ ရက်နေ့ စာရင်းကောက်ယူခဲ့ရာ ဆန်တစ်ပြည်လျှင် ၃၀၀၀/ကျပ်နှုန်းဖြင့် ဆန်(၂)အိတ်၊ဆီတစ်ပိဿာလျှင် ၇၃၀၀/ကျပ်နှုန်းဖြင့် ဆီပိဿာ (၄၂) ကြက်ဥတစ်လုံးလျှင် ၃၅၀/ကျပ်ဈေးနှုန်းဖြင့် ကြက်ဥ ၂၀၀/လုံး ဝက်သားတစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် (၂၅)ပိဿာ၊ကြက်သားမွေးမြူရေး တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် (၃၀) ပိဿာ၊ဆိတ်သားတစ်ပိဿာလျှင် ၂၅၀၀၀ ကျပ်နှုန်းဖြင့် (၃)ပိဿာ၊ ငါးကြင်းတစ်ပိဿာလျှင် ၄၀၀၀ ကျပ်နှုန်းဖြင့် (၂၅)ပိဿာ၊ငါးဒံတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် (၂၅)ပိဿာ၊ ဗူးညွှန့်၊ ဖရုံညွှန့်၊ သခွားသီး၊ပဲသီး၊ ရုံးပတီသီး၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ ကန်ဇွန်းရွက်၊ချဉ်ပေါင်ရွက်၊မျှစ်၊ကန်ဇွန်းဥ၊မေမြို့ပန်း၊ငှက်ပျောသီး စသောဟင်းသီးဟင်းရွက် ပန်းမံ တို့ကိုလည်းဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
DOCA(ပဲခူး)