Main menu

ပြည်မြို့ရှိဈေးကွက်များတွင် ရောင်စုံပန်းအမျိုးမျိုးအရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

     ပြည်ခရိုင် ၊ ပြည်မြို့ရှိ ပန်းဈေးကွက် အနေဖြင့် ယခုအချိန် တွင် ရောင်စုံပန်းများဖြစ်သော ဂန္ဓမာပန်း၊ သစ္စာပန်း၊ နှင်းဆီပန်း ၊ မေမြို့ပန်း အစရှိသဖြင့် ပန်းများဈေးကွက်တွင် ရောင်းချလျှက်ရှိနေပါသည်။ ထိုပန်းများကို ပြည်မြို့ အနီးတဝိုက်ရှိ မှော်ဇာ၊ ကင်းပွန်းခြုံနှင့် ရွှေတောင်မြို့နယ်ရှိ ကသစ်ကိုင်းကျေးရွာများမှ လာရောက် ရောင်းချကြပါသည်။ ထိုကျေးရွာများမှ ပန်းများကို စီးပွားဖြစ်စိုက်ပျိုး ကြသလို တစ်နိုင် တစ်ပိုင် လည်း စိုက်ပျိုးပါသည်။ ထွက်ရှိလာသော ပန်းများကို ပန်းဒိုင်များ၊ ဈေးသည်များက အခင်းထဲ အထိလာရောက်ဝယ်ယူရောင်းချကြပါသည်။ ဈေးများတွင်ရောင်ချသော ပန်းများ၏ ဈေးနှုန်းများမှာ ဂန္ဓမာပန်း (အဖြူ၊ အဝါ) အကြီးအသေးရောရာ(၅)ခက်ပါတစ်စည်းလျှင် ၄၅၀၀ကျပ်၊ သစ္စာပန်း (၅)တံပါတစ်စည်းလျှင် ၂၀၀၀ကျပ်၊ နှင်းဆီပန်း အပွင့်အသေး (၁၀)ပွင့်ပါတစ်စည်းလျှင် ၃၅၀၀ကျပ်၊ နှင်းဆီပန်း (အကြီး) တစ်ပွင့်လျှင် ၅၀၀-၇၀၀ကျပ်၊ မေမြို့ပန်း (ကြွေဖြူ)တစ်စည်းလျှင် ၂၀၀၀ကျပ်၊ မေမြို့ပန်း (အက်စတာ)တစ်စည်းလျှင် ၅၀၀-၁၀၀၀ကျပ်ဖြင့် ရောင်းချလျှက်ရှိပါသည်။

    ပန်းဈေးများမှာ ယခင်နှစ်ထက်စာလျှင် ယခုနှစ်မှာဈေးများထက်ဝက်ခန့် မြင့်တက်လာ ရခြင်းမှာ မျိုးဈေးများကြီးမြင့်ခြင်း၊ အထွေထွေကုန်ကျစရိတ်များလည်း ကြီးမြင့်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရပါသည်။ ပြည်ဈေးမှတစ်ဆင့် ရန်ကုန်မြို့ရှိဈေးများနှင့် နေပြည်တော်မြို့သို့လည်း တင်ပို့ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)