Main menu

(၆.၅.၂၀၂၅) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ် ၃၂၀၀ မှ ၃၄၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၂၀၀ မှ ၃၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၂၀၀ မှ ၅၄၀၀ ထိ လည်းကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၉၀၀ မှ ၇၁၀၀ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၆၀၀ မှ ၇၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၂၅၀၀ မှ ၃၅၀၀၊ ဗူးသီးတစ်လုံး ကျပ် ၃၀၀၀ မှ ၄၀၀၀၊ အာလူး(တရုတ်)တစ်ပိဿာ ကျပ် ၃၈၀၀ မှ ၄၂၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၂၅၀၀၀ မှ ၃၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၅၂၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၄၀၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၁၀၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၂၀၀၀ မှ ၃၅၀၀၀၊ ဆိတ်သားတစ် ပိဿာလျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၀၀၀၀ မှ ၂၃၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀၊  ငါးခူတစ်ပိဿာလျှင် ကျပ် ၂၃၀၀၀ မှ ၂၅၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၂၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၄၀၀ မှ ၅၀၀၊ ဘဲဥတစ်လုံး ကျပ် ၅၀၀ မှ ၆၀၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)